မိုင်းရှူးမြို့နယ် ပြည်သူ့ဆေးရုံသို့ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ လှူဒါန်း

မိုင်းရှူး သြဂုတ် ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ လူနာများကုသရာတွင် အသုံးပြုရန် ရှမ်းပြည်တိုးတက်ရေးပါတီမှ ယမန်နေ့က Breath AI တံဆိပ် Oxygen Concen trator 10L စက်(၅)လုံးနှင့် Mask အခု (၂၀၀ဝ)၊ ကာလတန်ဖိုးကျပ် (၉၀၆၀၀၀၀/-)အား လှူဒါန်းခဲ့ ကြောင်း သိရသည်။

မိုင်းရှူးမြို့နယ်တွင် ဇူလိုင်လ(၄)ရက်နေ့မှ ယမန်နေ့အထိ ပိုးတွေ့အတည်ပြု လူနာ(၂၈၄)ဦး၊  ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းသူပေါင်း (၂၅၈)ဦး၊ သေဆုံးသူ(၁၂)ဦးရှိပြီး၊ ကျန်ရှိသည့် အတည်ပြုလူနာ(၁၄)ဦးတို့အား မြို့နယ်ပြည်သူ့ဆေးရုံနှင့် ပတ္တမြားခန်းမ၊ သက်ဆိုင်ရာ တိုက်နယ်ဆေးရုံများ၌ သီးသန့်ကြပ်မတ်ကုသပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)