သရက်မြို့ရှိ မြတ်ပါရမီလူမှုကူညီ‌ရေးအသင်းသို့ ခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဆွမ်းဆန်(၁၀)အိတ် လှူဒါန်း

သရက်  ဩဂုတ် ၃၁

မကွေးတိုင်းဒေသကြီး သရက်မြို့ရှိ  မြတ်ပါရမီ ပရဟိတလူမှုကူညီရေးအသင်းသို့ ခရိုင်နှင့် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဆွမ်းဆန် (၁၀)အိတ်ကို အုတ်ဖိုတိုက်ကျောင်းတွင် ဩဂုတ် ၃၀ ရက် ညနေ (၅) နာရီက လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းမှုတွင် မြတ်ပါရမီပရဟိတလူမှုကူညီရေးအသင်း နာယက ဆရာတော်အား ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်မျိုးလတ်က သရက်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသထိန်းချုပ်ရေး လုပ်ငန်းစဉ်များတွင် မြတ်ပါရမီပရဟိတလူမှုကူညီရေးအသင်းမှ ပူးပေါင်းပါဝင် ကူညီပေးနေသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း လျှောက်ထားပြီး ခရိုင်အုပ်ချုပ်ရေးမှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးအရာရှိနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးတို့က ငွေကျပ် (၃၃၀,၀၀၀) တန်ဘိုးရှိ ဆွမ်းဆန် (၁၀) အိတ်ကို အသင်း နာယက ဆရာတော်ထံသို့ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ဇော်ဝမ်းထွန်း(အောင်လံ)