မောင်တော ဩဂုတ် ၃၀
ရခိုင်ပြည်နယ် မောင်တောမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယ ညွန်ကြားရေးမှူး ဦးဆန်းအောင် ဦးဆောင်ကြီးကြပ်၍ မြို့နယ်ဦးစီးမှူး ဦးကျော်ရှိန်ဦးစီးသော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၂၈ ရက်နေ့တွင် ပန်းခင်းစီမံချက်ဖြင့် ငါးခူရကျေးရွာနှင့် ကြိမ်ချောင်း ကျေးရွာများရှိ ပြည်သူများသို့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ မြေပြင်ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မောင်တောခရိုင်/မြို့နယ်ရုံးများရှိ ဝန်ထမ်းများက ငါးခူရကျေးရွာရှိ အ.ထ.က ကျောင်း၌ ကျေးရွာအုပ်စု(၆)အုပ်စုနှင့် ကြိမ်ချောင်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကြိမ်ချောင်းကျေးရွာ အနီး ကျေးရွာအုပ်စု(၈)အုပ်စု တို့မှ ပြည်သူများအား အိမ်ထောင်စုလူဦးရေ စာရင်းနှင့် အသက်(၁၀)နှစ်ပြည့်၊ အသက်(၁၈)နှစ်ပြည့်ပြီးသူများအား နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခြင်း၊ မှတ်ပုံတင်လဲလှယ်ပေးခြင်း၊ ပျောက်ဆုံး/ပျက်စီးသူများကို မိတ္တူပြုလုပ်ပေးခြင်းနှင့် ကျန်ရှိမှုမရှိစေရေး ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေး ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကပ်ပြားများကို မောင်တောမြို့နယ်အတွင်းရှိ လူဦးရေ (၇၉၃)ဦးနှင့် ဘူးသီးတောင်မြို့နယ်အတွင်းရှိ လူဦးရေ(၈၅၅)ဦး စုစုပေါင်းလူဦးရေ (၁၆၄၈)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ပြီး နိုင်ငံသားစိစစ်ရေး ကပ်ပြားများကိုလည်း ဆက်လက်ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
သက်လွင်စိုး (ခရိုင်ပြန်/ဆက်)