မြဝတီ စက်တင်ဘာ ၁၅
မြို့နယ်အတွင်းလုပ်ငန်းဆောင်မှုမှတ်တမ်ဓာတ်ပုံများနှင့်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိ ပညာပေးနှိုးဆော်ချက် များကို ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦး စီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ယနေ့နက်(၁၀)နာရီအချိန် က ပြသဆောင်ရွက် ခဲ့သည်။
အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် မြို့နယ်အတွင်းလုပ်ငန်းဆောင်မှုမှတ်တမ်ဓာတ်ပုံများ၊ ကိုရို နာဗိုင်းရပ်(COVID-19) ကို မိမိကစ၍ကာကွယ်ပါ အဓိက သတင်းစကား(၁၀)ချက်၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစဉ်ကာလ မိမိနေအိမ်တွင် နေထိုင်စဉ်အတွင်း ကျန်းမာစွာနေထိုင်ရေး( Healthly Stay at Home) အတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ပါးစပ်နှင့်နှာခေါင်းစည်း(Surgical mask) စနစ်တ ကျအသုံးပြုနည်း၊ကိုရိုနာဗိုင်းရပ်စ်ရောဂါကိုဗစ်-၁၉ ကာကွယ်ဖို့ မောင်တို့မယ်တို့ လိုက်နာစို့ တို့ပါဝင်သည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)