ပေါက်ခေါင်း စက်တင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန် အသက်(၅၅)နှစ်မှ အသက်(၆၄)နှစ်အထိ ပြည်သူများအား သက်ဆိုင်ရာ မိမိတို့၏ ရပ်ကွက်ကျေးရွာ ဆေးထိုးရက်များအတိုင်း သက်ဆိုင်ရာနယ်မြေအလိုက် ဆေးထိုးစုရပ်နေရာ များတွင် ယနေ့နံနက်ပိုင်းကကိုဗစ်-၁၉ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေးလျှက်ရှိကြောင်း သိရှိရသည်။
အဆိုပါပထမအကြိမ် ကာကွယ်ဆေး စတင်ထိုးနှံခြင်းကို ကိုမနေ့နံနက်ပိုင်းမှ စတင်ထိုးနှံပေးခဲ့ပြီး (၁၅-၉-၂၀၂၁) ရက်နေ့မှ (၂၀-၉-၂၀၂၁)ရက်နေ့အထိ ကာကွယ်ဆေးထိုး စုရပ်(၄)ခုတွင် နံနက် ၉ နာရီမှ စတင်၍ နေ့စဉ်ထိုးနှံပေးသွားမည်ဖြစ်ပြီး ဦးတည်အုပ်စုများမှာ အသက် ၅၅ နှစ်နှင့် ၆၄ နှစ်ကြား၊ မသန်စွမ်းဆေးထိုးရန်ကျန်သူများ၊ ရောဂါအခံရှိ၍ ဆေးထိုးသင့်သူများအား ထိုးနှံပေး သွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရှိရသည်။
(မြို့နယ်-ပြန်/ဆက်)