ရွှေကျင်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကဒ်ပြားများ ဆက်လက်ဆောင်ရွက်ပေး

ရွှေကျင် စက်တင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးဆောင်သော ဝန်ထမ်းများက အနောက်ဘက်ကျေးရွာ ပြည်သူများအား  ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကဒ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် (၉)နာရီခွဲမှမွန်းတဲ့ (၁၂)နာရီအချိန်ထိ ရွှေကျင်မြို့နယ် ရှမ်းကြေးရပ်ကွက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးရုံးတွင် ဆောင်ရွက်‌ပေးခဲ့ကြသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်က အသက်(၁၆)နှစ်နှင့်အထက် အိမ်ထောင်စုစာရင်းမရှိသူများနှင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားမရှိသူများအား ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးကဒ်ပြားများအား ပြုလုပ်ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ယခုလို ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများဆောင်ရွက်ပေးခြင်း၏ ရည်ရွယ်ချက်မှာ ပြည်သူများအနေဖြင့် အလုပ်အကိုင်ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စွာလုပ်ကိုင်နိုင်ရန် ခရီးသွားလာရာတွင် အဆင်ပြေစေရန် နိုင်ငံသား စိစစ်ရေးကဒ်ပြားများ ပြုလုပ်ပေးခြင်းဖြစ်ကြေင်း ပြောကြားခဲ့သည်။

ထိုနောက် အသက်(၁၆)နှစ်အထက် ကျား(၂၉)ဦး၊ မ(၂၅)ဦး၊ စုစုပေါင်း(၅၄)ဦးတို့အား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့‌ေကြာင်းသိရသည်။

ထွန်းထွန်းဇော် (ပြန်/ဆက်)