နယ်ရုံးများ၏သတင်းများ

Nov 04,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများထဲမှ မြန်အောင်မြို့နယ်အတွင်းရှိ ရဲစခန်းများ တွင် အချုပ်ကျနေသူများအား ကြိုတင်ဆန္ဒမဲများပေးနိုင်ရန် ယနေ့နံနက်မှစ၍ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများက ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
Nov 04,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရန် စီစဉ်ထားသော မဲရုံများအား မီးဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဟင်္သာတခရိုင်မီးသတ်ဦးစီးမှူး လ/ထညွှန်ကြားရေးမှူး ဦးစိုးနောင် ၊ မြို့နယ်မီး သတ်ဦးစီးမှူး ဦးကိုကိုသူနှင့်ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းတွင် စစ်ဆေးခဲ့ကြ‌ကြောင်း သိရှိရသည်။
Nov 04,2020
ဗန်းမော်ခရိုင် ဗန်းမော်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် ဗန်းမော်မြို့နယ်အတွင်း ရပ်ကွက်၊ကျေးရွာ အုပ်စု ၅၈ အုပ်စုရှိ မဲရုံ ၆၉ ရုံအား ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များ အဖွဲ့ ၃ ဖွဲ့ခွဲ၍ ယနေ့ နံနက် ၉ နာရီချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရသည်။
Nov 04,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို နိုဝင်ဘာ ၂ ရက်၊ နံနက် ၁၀ နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Nov 04,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်း မြို့စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့မဈေး၊ အောင်ဆန်းရပ်ကွက်ဈေးနှင့် မြို့တွင်းရှိဈေးဆိုင်ခန်းများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ သက်ဆိုင်ရာတိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီတို့မှ ထုတ်ပြန်ထားသည့် ရောဂါကြိုတင်ကာကွယ် ရေးလမ်းညွှန်ချက်၊ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ဈေးရောင်းချရေးကို မြို့စည်ပင်သာယာရေးကော်မတီ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ၊ မီးသတ်ဦးစီးဌာန ၊ မြို့ကြက်ခြေနီအသင်းခွဲငယ်နှင့် ပူးပေါင်းအဖွဲ့များက ယနေ့နံနက်ပိုင်းတွင် လိုက်လံစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Nov 04,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် မဟာဗောဓိကျောင်းတိုက် ဆရာတော်ကြီး၏ ဦးဆောင်မှုဖြင့် ဂေါပကအဖွဲ့မှ နှစ်စဉ်ကျင်းပလျက်ရှိသည့် (၁၀၈)ကြိမ်မြောက် သီတင်ကျွတ်လ တာဝတိံသာ ဗုဒ္ဓပူဇနိယ ဘုရားပွဲတော် လှည့်လည်ပူဇော်ပွဲကို နိုဝင်ဘာလ (၁)ရက်၊ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ (၅)ရက်နေ့အထိ မြို့တွင်းနှင့် ဆက်စပ်သည့် မြို့အဝင်များသို့ ဒေသစာရီကြွချီ အပူဇော်ခံမည်ဖြစ်သည်။
Nov 04,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးခန်းမ၌ ပြုလုပ်သည်။
Nov 04,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ(၈)ရက် နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာ(၂၉)ရက်နေ့မှ စတင်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။