နယ်ရုံးများ၏သတင်းများ

Sep 08,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
Sep 08,2021
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးဦးအေးမောင်သိန်းနှင့် အဖွဲ့သည် စက်တင်ဘာလ(၈) ရက်နေ့ နံနက်(၈)နာရီ အချိန်က ဘူးသီးတောင်မြို့နယ် အကျဉ်းဉီးစီးဌာနရှိ ဝန်ထမ်းနှင့် ဝန်ထမ်း မိသားစုဝင်များအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဉီးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခြင်းကို ကိုဗစ်-၁၉ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
Sep 08,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း VDP ရန်ပုံငွေဖြင့် ကျေးရွာ ၁၃ ရွာရှိ
Sep 08,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးရေးလုပ်ကိုင်လျက် ရှိသော တောင်သူများအနေဖြင့် ဆည်ရေသောက် မြေများသောကြောင့် ဆန်စပါးကို အဓိထား စိုက်ပျိုးကြသော်လည်း ယာမြေများနှင့် ကိုင်းကျွန်းမြေများတွင် ကြက်သွန်၊ ငရုပ်၊ ဝါ၊ ငှက်ပျော၊ နနွင်း၊ ဆီထွက်သီးနှံမျိုးစုံနှင့် ပဲမျိုးစုံစိုက်ပျိုးကြပြီး ကတဲကျေးရွာအုပ်စု၊ ကြက်ဆင် ကျေးရွာတွင် စိုက်ပျိုးထားရှိသော နနွင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျှက်ရှိကြောင်း သိရှိရသည်။
Sep 08,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်းဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် အရင်း မပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲတွင်
Sep 08,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ကျောင်းတော်ရာနယ်မြေ မီးသတ်စခန်း RC နှစ်ထပ်ဆောင်ကို အသစ်ဆောက်လုပ်လျက်ရှိရာ ယနေ့အချိန်ထိ တည်ဆောက်ရေးလုပ်ငန်း အားလုံး (၅၃) ရာခိုင်နှုန်းကျော် ပြီးစီးနေပြီး ယခုလကုန်တွင်း အပြီး တည်ဆောက်သွားမည် ဖြစ်ကြောင်း ခရိုင်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။
Sep 08,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခုတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်း များကို ဌာနဆိုင်ရာများနှင့် ပြည်သူများက အရှိန်အဟုန်ဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 08,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်းမှ စိတ်သဘောထားခြင်း တူညီကြသည့် ဒေါ်ဝင်းကြည်နှင့် စေတနာရှင်လူငယ်များအဖွဲ့သည် တစ်ဦးလျှင် စုငွေ(၁၀,၀၀၀)နှုန်း စုဆောင်းပြီး ရရှိငွေဖြင့် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အထောက် အကူဖြစ်စေမည့် အထောက်အကူပြုပစ္စည်းများဖြစ်သည့် ပါးစပ်နှင့်