နယ်ရုံးများ၏သတင်းများ

Aug 31,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၌ Pilot Project အစီအစဉ်အရ ကျေးရွာများသို့ ကွင်းဆင်းပြီး ကိုဗစ်-၁၉ရောဂါ ရှာဖွေစစ်ဆေးမှုများကို ယမန်နေ့က ဆက်လက်ဆောင်ရွက်ခဲ့ရာ နောင်ချိုမြို့နယ် တောင်းခမ်းဒေသ၊ နားရှိုးရွာ တိပိဋက ကမ္ဘောဇကျောင်းတော်မှ သံဃာတော်များ၌ ရောဂါပိုးကင်းစင်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံသိရသည်။
Aug 31,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ကူးစက်ပျံ့နှံ့မှု မရှိစေရန်အတွက် ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေး နှိုးဆော်မှုများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များ၌ အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Aug 31,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာ‌ရေးနှစ် တတိယ(၃)လပတ်အတွက် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွှဲ ၃ နာရီခွဲ အချိန်ခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Aug 31,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းကို ယနေ့နနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ သာသနာရေးဦးစီးဌာနနှင့် မီးသတ် ဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံလမ်းခွနေရာများသို့ သွားရောက်၍ အသိပေးနှိုးဆော် ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 31,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ တတိယသုံးလပတ်အတွက် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၁,၂၇၃)ဦးတို့အား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Aug 31,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ များပြားလာသည့်အတွက် ပြည်သူများ အနေ ဖြင့် ရောဂါကူးစက်ခံရမှုမရှိစေရေးအတွက် အသိပညာပေးနှိုးဆော် ကြေညာခြင်းများ ဆောင်ရွက်လျက်ရာ ယနေ့နံနက် ၁၀ နာရီက ကော့ကရိတ်ခရိုင်ပြန်/ဆက်ဦးစီးဌာန ဝန်ထမ်းများမှ မြို့ပေါ်ရပ်ကွက်ရှိ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာများတွင် အသံချဲ့စက်ဖြင့် လိုက်လံ အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
Aug 31,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့တွင် အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွားများနှင့် စေတနာ့ဝန်ထမ်းများအား ယမန်နေ့ နံနက်(၉)နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ပြန်လည်ထိုးနှံပေးခြင်းကို နတ်မောက်မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန၊
Aug 31,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ရွှေဝါမြိုင်အုပ်စု၊ ရွှေဝါမြိုင်ကျေးရွာအနီး တောင်သူ ဦးရွှေညာ၏ ချမ်းမြေ့မေ မိုးစပါးစိုက်ကွင်းနေရာ၌ ယနေ့ နံနက် ၁၁ နာရီချိန်က ချမ်းမြေ့ဇေယျာကုမ္ပဏီနှင့် အကျိုးတူပူးပေါင်းသောတောင်သူများအား စိုက်ပျိုးစရိတ်များ‌ ထောက်ပံ့ပေးအပ်ခဲ့သည်။