ပုံပါကျင် စက်တင်ဘာ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းပြုလုပ်ပေးခြင်းကို ယနေ့နံနက်(၉)နာရီက နမ့်ဟူးခွန်ကျေးရွာ အုပ်စု၊ အောင်းလောင်းကျေးရွာသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက် ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းတုံမြို့နယ် ဦးစီးမှူးဦးအောင်အောင်ထွန်း၊ ပုံပါကျင်မြို့ဦးစီးမှူးရုံးမှ ဒုတိယ လဝကမှူး ဦးကျော်စွာဝင်းနှင့် ဝန်ထမ်းများက အောင်းလောင်းကျေးရွာအတွင်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်း၊ လဲလှယ်ပေးခြင်းနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ စိစစ်၊ လဲလှယ်၊ ထုတ်ပေးခြင်းလုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက် ပေးခဲ့သည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ်ပေးခြင်း၊ လဲလှယ်ပေးခြင်းနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ စိစစ်၊ လဲလှယ်၊ ထုတ်ပေးခြင်း လုပ်ငန်းများကို နမ့်ဟူးခွန် ကျေးရွာအုပ်စု၊ အောင်းလောင်းကျေးရွာတွင် စက်တင်ဘာလ ၂၄ ရက်နေ့မှ ၂၅ ရက်နေ့ အထိ ၂ ရက် ဆောင်ရွက်ပေးမည်ဖြစ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ်ပြုလုပ်ပေးခြင်း၊ ပျက်စီး/ပျောက်ဆုံး သူများကို မိတ္တူပြုလုပ် ပေးခြင်းနှင့်လဲလှယ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်း၌ မွေးတိုး/ သေဆုံး စာရင်းဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်း တိုး/ လျော့/ ပြောင်းဝင်/ ပြောင်းထွက် လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။
သန္တာ(ပြန်/ဆက်)