အုတ်တွင်း စက်တင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စက်တင်ဘာ (၁၅)ရက် နံနက် ၉ နာရီမှ စတင်ပြီး သတ်မှတ် ဆေးထိုးစုရပ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)အား ပထမအကြိမ်ထိုးနှံခြင်းကို အ.လ.က(စျေး)၊ အ.ထ.က(ကျွဲပွဲ)ကျောင်းတွင် ကာကွယ်ဆေးများ စတင်ထိုးနှံပေးခဲ့ရာ ယနေ့နံနက်ပိုင်းက အသက် ၅၅ နှစ်နှင့် အထက်ပြည်သူများနှင့် မသန်စွမ်းသူများ၊ နာတာရှည်ရောဂါသည်များကို ပထမအကြိမ် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီနှင့် အဖွဲ့ဝင်များက ကာကွယ်ဆေးထိုး စုရပ်များသို့ လှည့်လည်ကြည့်ရှု အားပေးကာလိုအပ်ချက်များဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ကာကွယ်ဆေး ထိုးနှံသူများတွင် အသက် ၅၅ နှစ်နှင့်အထက်ပြည်သူများ၊ မသန်စွမ်း သူများနှင့် ကူးစက်ရောဂါ မဟုတ်သည့် နာတာရှည် ရောဂါသည်များ ပါဝင်ကြောင်း၊ ကာကွယ်ဆေးထိုး စုရပ်များတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း အသက်အရွယ်အလိုက် အုပ်စုများခွဲကာ စနစ်တကျထိုးနှံပေးလျက်ရှိကြောင်း၊ ကျန်းမာရေး ဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့အစည်း များက ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ခင်ခင်မာ