ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ဝန်ထမ်း၊ ဝန်ထမ်းမိသားစုနှင့် စက်ရုံလုပ်သား (၁,၅၇၃)ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

ဒဂုံအရှေ့ စက်တင်ဘာ ၂၄

ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ အ.မ.က(၆)၊ ဒဂုံတက္ကသိုလ်နှင့် စက်မှုဇုန်တို့တွင် ယနေ့နံနက်(၉)နာရီအချိန်မှ စတင်၍ဝန်ထမ်း၊ ဝန်ထမ်းမိသားစုနှင့်  စက်မှုဇုံတို့ရှိ အလုပ်သမား (၁,၅၇၃)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယ အကြိမ်ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရန် လာရောက်သူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးမျိုးသူ၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များပူးပေါင်း၍ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံစေပြီး စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် စစ်ဆေးပေးခြင်းများကို ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပြီး  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဦးတည်အုပ်စုများ ကျန်ရှိမှုမရှိစေရေးအတွက်  ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ကာကွယ်ဆေး ဆက်လက် ထိုးနှံ ပေးလျက်ရှိပြီး စက်တင်ဘာလ(၂၅)ရက်နေ့၌ အ.မ.က(၆)တွင် မြို့နယ်အတွင်းရှိ အသက် (၁၈)နှစ် ပြည့်ပြီးသော မသန်စွမ်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)