ကျိုက်လတ်မြို့နယ်၊ မရမ်းကြီးကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိ

ကျိုက်လတ် စက်တင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးမှ ပန်းခင်းစီမံချက်ဖြင့် ကျေးရွာများအရောက်နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က မရမ်းကြီးကျေးရွာအုပ်စုတွင် ဆောင်ရွက် ပေးခဲ့ကြကြောင်းသိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်‌ ရေးကတ်ပြားပြုလုပ်ပေးရခြင်းနှင့် ပတ်သတ်၍ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးထွန်းဆွေက ရှင်းလင်း ပြောကြားခဲ့ပြီး၊ ကျေးရွာပြည်သူများအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများမှ ပြုလုပ်ဆောင်ရွက်ပေးခဲ့ရာ (၁၀)နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကပ်ပြား ကျား(၉)ဦး၊ မ(၁၁)ဦး ပေါင်း(၂၀)ဦး၊ (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကပ်ပြား ကျား(၁၁)ဦး၊ မ(၁၀)ဦး ပေါင်း(၂၁)ဦး၊ (၁၀)နှစ်ပြည့်နှင့် (၁၈)နှစ်ပြည့် လဲလှယ်သည့် နိုင်ငံသားစိစစ်ရေးကပ်ပြား ကျား(၅)ဦး၊ မ(၆)ဦး၊ ပေါင်း(၁၁)ဦးနှင့် နိုင်ငံသားစိစစ်ရေးကပ်ပြား ပျောက်ဆုံး/ပျက်စီး မိတ္တူ ထုတ်ပေးမှု ကျား(၃)ဦး၊ မ(၁)ဦးပေါင်း(၄)ဦး၊ စုစုပေါင်းကျား(၂၈) ဦးမ(၂၈) ဦးပေါင်း (၅၆)ဦး ထုတ်ပေးခဲ့ကြောင်းသိရသည်။

ဌေးဌေးလှိုင် (ပြန်/ဆက်)