ရှမ်းရွာသစ် စက်တင်ဘာ ၂၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျေးလက်နေပြည်သူများ၏ လူမှုဘဝတိုးတက် စေရန်ရည်ရွယ်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော ဆိုလာနှင့်ဆက်စပ်ပစ္စည်းများကို ယနေ့နံနက်ပိုင်းတွင် မြို့အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းအောင်နှင့် တာဝန်ရှိသူများတို့က ရင်းဘိုင်း ကျေးရွာအုပ်စုရှိ ကျေးရွာများမှ ဘုန်းတော်ကြီးကျောင်းများသို့ လက်ဝယ်အရောက် ကွင်းဆင်း ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါဆိုလာနှင့်ဆက်စပ်ပစ္စည်းများ ပေးအပ်ခြင်းလုပ်ငန်းတွင် မြို့အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းအောင် နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့က ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ၎င်းဆိုလာနှင့် ဆက်စပ်ပစ္စည်းများကို ပေးအပ်လှူဒါန်းခြင်းဖြစ်ကြောင်း၊ ရှမ်းရွာသစ်မြို့အတွင်းရှိ ဘုန်းကြီး ကျောင်းများ၊ စာသင်ကျောင်းများနှင့် ဆေးရုံဆေးခန်းတို့အတွက် ကျေးရွာများအရောက်ကွင်းဆင်း၍ လက်ဝယ်အရောက်ပေးအပ်ခြင်း ဖြစ်ကြောင်းနှင့် ဆိုလာအသုံးပြုပုံ အဆင့်ဆင့်ကို ရှင်းလင်း ပြောကြားပြီးနောက် ဆိုလာနှင့်ဆက်စပ်ပစ္စည်းကို ရင်းဘိုင်းကျေးရွာအုပ်စုရှိ ကျေးရွာများမှ ဘုန်းတော်ကြီးကျောင်းထံသို့ လက်ဝယ်အရောက်ပေးအပ်ခဲ့ပြီး ကျန်ရှိသည့် ကျေးရွာများ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ဆေးပေးခန်းများ မကျန်ရှိစေရေး အတွက် တာဝန်ရှိသူများတို့က စနစ်တကျကွင်းဆင်းပြီး ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းရွာသစ်(ပြန်/ဆက်)