မလှိုင်၊ စက်တင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့ပေါ်ရပ်ကွက်(၄) ခုတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယ အသုတ် (ပထမအကြိမ်) ကို ဦးတည်အုပ်စုများ အလိုက် မြို့ပေါ်ဆေးထိုးစုရပ် က(၄) ကနေရာ၌၊ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ညွှန်ကြားချက်များနှင့်အညီ ကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို အမှတ်(၁) ရပ်ကွက်တွင် အမှတ်(၁) မူလွန်ကျောင်း၊ အမှတ်(၂) ရပ်ကွက်တွင် မြို့သစ် အ.ထ.ကကျောင်း၊ အမှတ်(၃)ရပ်ကွက်တွင် ရေစင် မူလတန်းကျောင်း၊ အမှတ်(၄) ရပ်ကွက်တွင် အမှတ်(၄) အ.မ.က ကျောင်းတို့၌ ဆေးထိုးစုရပ်(၄) ခု ထားရှိပြီး အသက်(၅၅)နှစ် နှင့် အထက် ပြည်သူများ၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါ အခံရှိသူများနှင့် ဦးတည်အုပ်စုများတွင် ပါဝင်သူများကို Sinopharm အမျိုးအစားကိုဗစ် ကာကွယ်ဆေးများကို ဒုတိယအသုတ်(ပထမ အကြိမ်)အဖြစ် စတင်ထိုးနှံပေးလျှက်သည်။
အဆိုပါနေ့က မြို့ပေါ် ဆေးထိုးစုရပ်(၄)နေရာတွင် အသက်(၅၅)နှစ်နှင့် အထက် (၂၉၆)ဦး၊ သံဃာ(၁)ပါး၊ နာတာရှည်ရောဂါ အခံရှိသူ(၃ဝ) ဦး၊ မသန်စွမ်းသူ (၂၂) ဦး၊ ဝန်ထမ်း(၉)ဦး၊ ပုဂ္ဂလိကဘဏ် ဝန်ထမ်း(၆) ဦး၊ စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်း(၄ဝ) ဦး၊ ဈေးသူ/သား (၄၇၁) ဦး၊ စုစုပေါင်း(၈၇၅) ဦး တို့ကို ဦးစားပေး အုပ်စုအလိုက် ထိုးနှံပေး ခဲ့သည်။
ကာကွယ်ဆေး ထိုးနှံရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်း ပရဟိတ အဖွဲ့များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြပြီး ဆေးထိုးစုရပ်များသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းထက်၊ အဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်မှူး ဌေးသန်း၊ ဦးကျော်ငြိမ်း ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထိန်လင်းမောင် နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးခဲ့ကြကြောင်းသိရသည်။
အောင်ဌေး(မလှိုင်)