ကျိုက်လတ် စက်တင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမြို့နယ် ဦးစီးမှူးရုံးမှ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်အတိုင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေး ကတ်ပြားဆောင်ရွက်ပေးနေမှုကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ဆက်သွယ်နိုင်ရန်အတွက် ပန်းခင်းစီမံချက် ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျိုက်လတ်မြို့နယ်အမှတ်(၂)ရပ်ကွက် ၂ လမ်း ထိပ်၌ ပြုလုပ်စိုက်ထူခဲ့ကြကြောင်းသိရသည်။
အဆိုပါ ဆိုင်းဘုတ်စိုက်ထူအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းသိန်းအောင်နှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးရဲမင်း၊ ဦးစိန်မြင့်၊ လဝကဦးစီးမှူး ဦးထွန်းဆွေနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများတက်ရောက် ခဲ့ကြကြောင်းသိရသည်။
ထို့နောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများမှ ပြည်သူများအားပန်းခင်းစီမံချက် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်းသိရသည်။
ဌေးဌေးလှိုင် - ကျိုက်လတ်(ပြန်/ဆက်)