မင်းပြားမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများအားကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျှက်ရှိ

မင်းပြား စက်တင်ဘာ ၂၅  

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အတွင်းရှိ အသက်(၅၅)နှစ်အထက် ပြည်သူများနှင့် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်းကို ယနေ့ နံနက်(၉) နာရီ အချိန်က စတင်ပြီးမင်းပြားမြို့နယ်၊ ပြည်သူ့ဆေးရုံ၊ ရာမောင်ခန်းမနှင့် ကျေးလက်ကျန်းမာရေး ဌာနစုရပ်များ၌ ကာကွယ်ဆေးဆက်လက်ထိုးနှံပေးလျှက်ရှိ ကြောင်းသိရသည်။

ထိုသို့ ကိုဗစ်-၁၉  ရောဂါကြိုတင်ကာကွယ်ဆေးများ ထိုးနှံရာ၌ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးစိုးမိုး၏ စီစဉ်လမ်းညွန်ဆောင်ရွက်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နေဝင်းထွန်း ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး ကိုဗစ်-၁၉  ရောဂါကူးစက် ပြန့်ပွားမှုမှ လျော့ချနိုင်ရန်အတွက် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးမထိုးမီ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများဖြစ်သည့် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်းချိန် တိုင်းတာပေးခြင်းနှင့် ပုံမှန်အနေအထားရောက်မှသာ ကာကွယ်ဆေးထိုးနှံမည် ဖြစ်ပြီးနောက် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ဆေးထိုးနှံပြီးသူများကို မိနစ်(၃၀)ခန့် အနားယူစေခြင်းများအား စီစဉ်ဆောင်ရွက် ပေးလျှက် ရှိရာပြည်သူအများအပြား စိတ်ဝင်စားစွာ လာရောက် ထိုးနှံကြကြောင်သိရသည်။

သိန်းနုအောင်