‌‌ဒေါပုံမြို့နယ်တွင် အသက်(၅၅)နှစ်မှ (၆၄)နှစ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေး

ဒေါပုံ စက်တင်ဘာ  ၂၅

ရန်ကုန်တိုင်း‌ဒေသကြီး၊ အရှေ့ပိုင်းခရိုင် ဒေါပုံမြို့နယ်တွင် အသက်(၅၅)နှစ်နှင့်(၆၄)နှစ် အတွင်းရှိ ပြည်သူများကို ယနေ့နံနက်(၉း၀၀)နာရီ အချိန်မှစတင်၍ သတ်မှတ်စုရပ် နေရာများဖြစ်သည့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့်အမှတ်(၄) အခြေခံပညာ အလယ်တန်းကျောင်း တို့၌ ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ဆေးအား ပထမအကြိမ် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးပေးရာတွင် ကိုဗစ်-၁၉‌ ရောဂါကာကွယ်‌ ဆေးဖြစ်သည့် တရုတ်နိုင်ငံထုတ် Sinophram အမျိုးအစား ကာကွယ်‌ဆေးများကို မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှ ဝန်ထမ်းများက အသက်(၅၅)နှစ်နှင့် (၆၄)နှစ်အတွင်းရှိ ပြည်သူများကို စုရပ်များ အလိုက်ကာကွယ်ဆေး ထိုးပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသက်မင်း‌အေးနှင့် အဖွဲ့၀င်များ၊ မြို့နယ် ကိုဗစ်-၁၉‌ ရောဂါကာကွယ် ထိန်းချုပ်‌ရေးနှင့်အ‌ရေး ပေါ်တုံ့ပြန်‌ရေး ကော်မတီဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲဝင်များ၊ ကြက်‌ခြေနီတပ်ဖွဲဝင်များ၊ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများနှင့် အဖွဲ့ဝင်များမှ လာရောက်၍ လိုအပ်သည်များ‌ ပေါင်းစပ်‌ဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။

ဒေါပုံမြို့နယ်အတွင်းတွင် ရပ်ကွက်(၁၄)ခုရှိအသက်(၅၅)နှစ်နှင့်(၆၄)နှစ်အတွင်းရှိ ပြည်သူများကို သက်ဆိုင်ရာ ရပ်ကွက်များစုရပ်(၂) နေရာခွဲ၍ကိုဗစ်-၁၉ ကာကွယ် ဆေးများ ဆက်လက် ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ခင်မာဝေ(ပြန်/ဆက်)