သိန္နီ ဧပြီ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် လူငယ်များအနာဂါတ်ဘဝတိုးတက်စေရေး၊ ကြိုးစားအားထုတ်သည့် အလေ့အထကောင်းများရှိစေရန်ရည်ရွယ်၍ လူငယ်များအား အသိပညာပေးသည့် အကြောင်းအရာများကို နံရံကပ်စာစောင်ပြုလုပ်၍ ယမန်နေ့ မွန်းလွဲပိုင်း အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသခဲ့ကြောင်း သိရသည်။
အဆိုပါ နံရံကပ်ပြဘုတ်တွင် လူငယ်များ၏ဘဝတိုးတက်စေရန် ကြိုးစားအတုယူဖွယ် လူပုဂ္ဂိုလ်များ၏အကြောင်းအရာများ၊ နိုင်ငံတကာအနုပညာရှင်များ၏ ကြိုးစားအားထုတ်မှုများ၊ နိုင်ငံကျော်အားကစားသမားများ၏ လှုပ်ရှားမှုများ၊ အောင်မြင်ကျော်ကြားသောစီးပွားရေး လုပ်ငန်းရှင်ကြီးများအကြောင်း၊ လူငယ်နှင့်ရိုးရာယဉ်ကျေးမှုများအကြောင်း၊ အောင်မြင်ကြီးပွားတိုးတက်ရေး ကြိုးစားသင့်သည့်နည်းလမ်းများကို ပြသထားခြင်းဖြစ်ပြီး ထိုသို့ပြည်သူများ ဗဟုသုတရဖွယ် အသိပညာပေးအကြောင်းအရာများကို လစဉ်လဲလှယ်၍ ပြသပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာချို ထံမှ သိရသည်။
စောဥမ္မာ(သိန္နီ)