မိုးညိုမြို့နယ်၌ အခြေခံပညာသင်ရိုးသစ် (Grade-5) ဗဟိုအဆင့်နည်းပြသင်တန်း ဖွင့်လှစ် ပို့ချ

မိုးညို ဧပြီ ၂၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊‌ ဇောတိကရပ်ကွက်၊ ဆရာစံလမ်းရှိ မြို့နယ် ပညာရေးမှူးရုံး၌ Online မှပို့ချသော ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာသင်ရိုးသစ် (Grade-5) ဗဟိုအဆင့်နည်းပြသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ယမန်နေ့ နံနက် ၉ နာရီချိန်က ပြုလုပ် ခဲ့သည်။

ဗဟိုအဆင့် (Grade-5) သင်ရိုးသစ်ကို ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ Online Training အဖြစ် ဘာသာရပ် (၇)မျိုး အားသင်ကြား ပို့ချပေးရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ သင်တန်းနည်းပြ (မူအုပ်) ဆရာ၊ ဆရာမ (၄၆) ဦး တက်ရောက်ခဲ့ ကြပြီး၊ ဧပြီ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အထိ ၆ ရက်ကြာနေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်းသိရသည်။

အဆိုပါ သင်တန်းတွင်တက်ရောက်ခဲ့သော သင်တန်းနည်းပြ (၄၆) ဦးတို့သည် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ (၇၂၁) ဦးတို့အား မေ ၁၀ ရက် မှ  ၁၃ ရက်နေ့ထိ Grade-5 Face to Face သင်တန်းအဖြစ် အ.ထ.က (မိုးညို) ကျောင်းတွင် ဆက်လက် သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)