သဲကုန်း ဧပြီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Comnunity Centre ခန်းမ၌ လူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် ရည်ရွယ်၍ ဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယမန်နေ့နေ့လယ် ၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝင့်နန္ဒာဌေးက ယနေ့လူငယ်များသည် အနာဂတ်နိုင်ငံတော်ကို ပခုံးပြောင်း တာဝန်ယူကြရမည့် သူများအနေဖြင့် ဗလငါးတန်းပြည့်စုံစေရန် လူငယ်နှင့် ရည်မှန်းချက်၊ စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားကြရန်၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ကြီးပွားရေး၊ မျိုးချစ်စိတ်ရှင်သန်ရေး ရှိကြစေရန် ဟောပြောကာ၊ လူငယ်လူရွယ်များ စဉ်းစားတွေးခေါ်မှုမြင့်မား၍ ဖြတ်ထိုးဉာဏ်များ ကောင်းမွန်လာစေရန် ရည်ရွယ်၍ ပြိုင်ပွဲကျင်းပ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ပြိုင်ပွဲကို အ..မ.ကရပ်ကွက်(၁)၊ အ.မ.ကထန်းရင်း၊ အ.မ.က တည်သီးပြင်၊ အ.ထ.က သဲကုန်းကျောင်းတို့မှ စာဖတ်ပရိသတ် ကျောင်းသား/ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ယင်းပြိုင်ပွဲမှ အကောင်းဆုံးဆုရရှိသူများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဝင့်နန္ဒာဌေးနှင့် မြို့နယ် Book Club အဖွဲ့ဝင် သဲကုန်းမြို့နယ်စာရေးဆရာ ဦးသိန်းအောင်(သန်းငဘ)တို့က ဆုလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ပြီခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)