နယ်ရုံးများ၏သတင်းများ

Apr 22,2022
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည် ခရိုင်မီးသတ်ဦးစီးဌာနအနေဖြင့် ယနေ့နံနက်(၉)နာရီက မြို့နယ်အတွင်း မီးလောင်မှုဖြစ်ပွားမှုမရှိစေရေး မြို့ပေါ်ရပ်ကွက်များသို့ကွင်းဆင်းပြီး မီးဘေး ကြိုတင် ကာကွယ်ရေးနှင့် မီးစနစ်တကျသုံးစွဲရေး အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Apr 22,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့၌ အငြိမ်းစား၀န်ထမ်းများအား ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Apr 22,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ် ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နဝမအသုတ် ပထမအကြိမ် ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
Apr 22,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဒေသကုန်ထုတ်လုပ်မှု တိုးတက်မြင့်မား စေရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင် ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများမှ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ကြတ်ခတ်ဝါရုံ၊ မြို့စိုး၊ သက်ကယ်ပြင် ကျေးရွာ အုပ်စုများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Apr 22,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် အထောက်အကူပြု နည်းပညာသင်တန်း ဖွင့်ရန်အတွက် ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့သည်။
Apr 22,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့ နေ့လည်ပိုင်း ကလူကုန်ကူးမှု အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
Apr 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ရန်ကုန်မြို့​တော် စည်ပင်သာယာ​ရေး​ ကော်မတီ တိရစ္ဆာန်​ဆေးကုနှင့် သားသတ်ရုံများဌာန၊ ​စျေးများဌာနနှင့် သန့်ရှင်းရေဌာနတို့မှဦးစီ၍ ပြည်သူများ ဈေးနှုန်းသက်သာစွာ လွယ်လင့်တကူ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယနေ့ နံနက် ၇ နာရီ အချိန်မှစတင်၍ အမှတ် (၈) ရပ်ကွက် မြန်မာအသံနှင့် ရုပ်မြင်သံကြား အိမ်ရာရှိဝန်ထမ်းအိမ်ရာများတွင်
Apr 21,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့ နံနက်ပိုင်းတွင် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပခဲ့ကြောင်းသိရသည်။