နယ်ရုံးများ၏သတင်းများ

Apr 21,2022
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲ/တပ်ဖွဲ့တို့ ပူးပေါင်း ၍‌ ရှေးဦးပြုစုခြင်း အ‌ခြေခံသင်တန်း အမှတ်စဉ် ၁/၂၀၂၂ သင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲ၃နာရီက မြို့သစ်ရပ်ကွက် လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Apr 21,2022
မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်တွင် ယနေ့ မွန်းလွဲ ၃ နာရီခွဲခန့်က မိုးရွာသွန်း ပြီးလေ ပြင်းတိုက်ခတ်မှုကြောင့် ရွှေတုတ်ကုန်းကျေးရွာအုပ်စု  ရွှေတုတ်ကုန်းကျေးရွာ၌  ကျောင်းဆောင် အမိုးသွပ်နှင့် မျက်နှာကျက်ပျက်စီးပြီး လူနေအိမ်များအမိုးလန်မှုတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Apr 21,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား ကျောင်းသူလေးများ နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာ အသုံးပြုနိုင်ရန်၊ ကျန်းမာ ကြံ့ခိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော နွေရာသီအေရိုးဗစ်သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
Apr 21,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ ဧပြီ ၂၁ ရက် နံနက် ၉ နာရီတွင် မြို့နယ်ပညာရေးမှူးရုံးခန်းမ၌ သင်ရိုးသစ် Grade-5 ဗဟိုအဆင့် နည်းပြ (TOT) Online သင်တန်းအား မြို့နယ်ပညာရေးမှူး၏ စီမံမှုဖြင့် ဖွင့်လှစ်ခဲ့သည်။
Apr 21,2022
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်သာယာဝတီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူငယ်အသင်း ( Youth Club)နှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်း၍ “လူငယ်လမ်းညွှန် စာအုပ်မှ စာရေးရေးဆရာ ဒေါက်တာကျော်စိန် ရေးသားထားသည့် “လူငယ်နှင့် မလိုလားအပ်သော အလေ့အထများ" ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀နာရီက ကျင်းပသည်။
Apr 21,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ဖြူး မြို့နယ်တွင် ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့် ရေးဦးစီးဌာနမှ ပြုလုပ်သော သင်ရိုးသစ် Grade-5 ဗဟိုအဆင့်နည်းပြ (TOT) Online သင်တန်းကို ယနေ့ နံနက် ၉ နာရီအချိန်က ဖြူးမြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ပို့ချပေးကြောင်း သိရသည်။
Apr 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေး မထိုးနှံရသေးသူ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၉)ရပ်ကွက်၊ အ.မ.က (၅) စွမ်းအားခန်းမ၌ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။