ပလောက် ဧပြီ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ရှိ အမှတ် (၃) ရပ်ကွက်သို့ ယနေ့နံနက် ၁၀ နာရီက Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အဆိုပါ Mobile Library ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို စာကြည့်တိုက်သို့ ကိုယ်တိုင်မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များ စာပေဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး အပတ်စဉ်စာအုပ်အသစ်များ သွားရောက် လဲလှယ်ပေး သွားမည်ဖြစ်ပြီး စာဖတ်ပရိသတ်များ ကြိုက်နှစ်သက်သည့် သုတ၊ ရသ စာအုပ်များ၊ မဂ္ဂဇင်း၊ ဝတ္ထု စာအုပ်များအား ငှားရမ်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက်)