နယ်ရုံးများ၏သတင်းများ

Apr 22,2022
ပဲခူးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျို​​ရွှေ၊ ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရဲမှူးကြီး ကျော်ထွဋ် နှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့သည် ဧပြီလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ ဒိုက်ဦးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအကြီးအကဲများနှင့် တွေ့ဆုံပွဲ ကျင်းပသည်။
Apr 22,2022
မန္တ​လေးတိုင်းဒေသကြီး၊ ​ညောင်ဦးခရိုင်၊ငါ့သရောက်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်း "အိုမီခရွန်" ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများ  ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေး နှိုးဆော်မှုလုပ်ငန်းကို နေ့စဉ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများက ငါ့သရောက်မြို့ မီးသတ်ရေယာဉ်ဖြင့် ယနေ့ နေ့လည် ၃ နာရီအချိန်က ငါ့သရောက်မြို့ ရပ်ကွက်များနှင့် ကျေးရွားများသို့ သွားရောက်ကာ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Apr 22,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့်  ကြက်ခြေနီကြီးကြပ်ရေးအသင်းခွဲတို့ ပူးပေါင်းပြီးဖွင့်လှစ်သည့်  အခြေခံရှေးဦးသူနာပြုစုနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ဟိုပန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ 
Apr 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက Mobile Library စနစ်ဖြင့် သုတ/ရသ စာအုပ်စာစောင်များကို ယနေ့ နေ့လယ်ပိုင်းက ရုံးဌာနများရှိရာ ခရိုင်စိုက်ပျိုးရေးရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့သည်။
Apr 22,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ပြည်တွင်းအခွန်ဦးစီးဌာနမှ ကြီးမှူး၍ ၂ဝ၂၂ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပ‌ဒေဆိုင်ရာ ရှင်းလင်းပွဲကို ယမန် နေ့ မွန်းလွဲပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည။
Apr 22,2022
 ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်သယံဇာတရေးရာ ဝန်ကြီးဦးဇော်ဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ဘားအံမြို့ သူနာပြု သင်တန်းကျောင်းသို့ သွားရောက်ပြီး  ပထမနှစ် သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း အပတ်စဉ် ၂၈ ပြန်လည် ဖွင့်လှစ်နိုင်ရေး စာသင်ဆောင်၊ အိပ်ဆောင်နှင့် လိုအပ်သည်များကြိုတင်ပြင်ဆင်မှုအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
Apr 22,2022
(၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဗဟို အဆင့်နှင့် တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲများကိုအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်း ကော်မတီညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Apr 22,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အခြေခံပညာဦးစီးဌာန ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ Online မှ တစ်ဆင့် ပို့ချပေးလျက်ရှိသော အခြေခံပညာ မူလ တန်းအဆင့် ပဉ္စမတန်း(Grade 5)သင်ရိုးသစ် ဗဟိုအဆင့် နည်းပြသင်တန်း(TOT)ကို မြို့နယ် အတွင်းရှိ မူလတန်း ကျောင်းအုပ်များနှင့် မူလတန်းပြဆရာဆရာမများက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် တက်ရောက်သင်ယူလျက်ရှိကြောင်း သိရသည်။