ဟိုပန် လူထုအခြေပြုဗဟိုဌာန၌ အခြေခံရှေးဦးသူနာပြုစုနည်း သင်တန်းဖွင့်လှစ်

ဟိုပန် ဧပြီ ၂၂

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့်  ကြက်ခြေနီကြီးကြပ်ရေးအသင်းခွဲတို့ ပူးပေါင်းပြီးဖွင့်လှစ်သည့်  အခြေခံရှေးဦးသူနာပြုစုနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ဟိုပန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ 

အခမ်းအနားတွင် ဟိုပန်မြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုး က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းအောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်နှင့် လူထုအခြေပြုဗဟိုဌာန (Community Centre)  အသုံးပြုခြင်းဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဟိုပန်မြို့နယ်၊ ကြက်ခြေနီကြီးကြပ်ရေးအသင်းခွဲ ဥက္ကဋ္ဌ ဦးသိန်းဝင်း က ကြက်ခြေနီအသင်းဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်း တက်ရောက်ခြင်းဖြင့်ရရှိလာမည့်  အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြား သည်။

အဆိုပါ သင်တန်းကို ဧပြီလ ၂၂ ရက်နေ့မှ ဧပြီ ၂၅ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး  သင်တန်းသား၊ သင်တန်းသူ (၂၅)ဦး တက်ရောက်လျက်ရှိကြောင်းသိရှိရသည်။

ခရိုင်(ပြန်/ဆက်)