မလှိုင် ဧပြီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ပြည်တွင်းအခွန်ဦးစီးဌာနမှ ကြီးမှူး၍ ၂ဝ၂၂ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေဆိုင်ရာ ရှင်းလင်းပွဲကို ယမန် နေ့ မွန်းလွဲပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေဆိုင်ရာ ရှင်းလင်းပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ယင်းနောက် ပြည်တွင်း အခွန်ဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးဖြိုးကျော်စွာက ၂ဝ၂၂ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကိုရှင်းလင်းပြောကြားပြီး စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် အခွန်စည်းကြပ်မှု နှုန်းထားများအကြောင်း၊ အခွန်အမှတ်တံဆိပ်၊ ပြေစာ အမှတ်တံဆိပ်များကပ်နှိပ်ရောင်းချရန်နှင့်ပျက်ကွက်ပါက ပေးဆောင်ရမည့် ဒဏ်ကြေးငွေများ အကြောင်း၊ ဝင်ငွေခွန်ကြေညာလွှာ၊ လစာ နှစ်ချုပ်စာရင်း၊ နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွင် ကြေညာ လွှာများကို တင်သွင်းရမည့် ကာသတ်မှတ်ချက်အတွင်း အချိန်မီတင်သွင်းရန်တို့ကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသူများ၏ သိလိုသည့် မေးမြန်းချက်များအား မြို့နယ်အခွန်ဦးစီးမှူးက ပြန်လည် ရှင်းလင်းတင်ပြ ဆွေးနွေးပေးခဲ့ပြီး အသိပေးရှင်းလင်းပွဲသို့ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု (၅၆) အုပ်စုမှ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများတက်ရောက် ခဲ့ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)