ကသာမြို့နယ်၌ Zoom Meeting ဖြင့် Grade-5 သင်ရိုးသစ် ဗဟိုအဆင့် နည်းပြသင်တန်း ဖွင့်လှစ် သင်ကြား

ကသာ ဧပြီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်ပညာရေးမှူးရုံးတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပဉ္စမတန်း (Grade-5) သင်ရိုးသစ်ဗဟိုအဆင့် နည်းပြ သင်တန်းကို ဧပြီလ (၂၀) ရက်နေ့၊ နံနက် (၉) နာရီအချိန်မှ စ၍  Zoom Meeting  ဖြင့်နေ့စဉ် ဖွင့်လှစ်သင်ကြား ပို့ချလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ခရိုင်ပညာရေးမှူး၏ လမ်းညွှန်မှု၊ မြို့နယ်ပညာရေးမှူး၏ အနီးကပ် ကြီးကြပ်မှုဖြင့် ဧပြီလ (၂၀) ရက်နေ့မှ (၂၅) ရက်နေ့ အထိ(နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ) နေ့စဉ်ဖွင့်လှစ် သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းတွင် ခရိုင်ပညာရေးမှူးရုံးနှင့် မြို့နယ်ပညာရေးမှူးရုံးတို့မှ ကြီးကြပ်(၇)ဦး၊ မြို့နယ်အဆင့် နည်းပြအဖြစ် ပြန်လည်ပို့ချမည့် သင်တန်းသား (၂၄) ဦး၊ စုစုပေါင်းသင်တန်းသား (၃၁) ဦး တက်ရောက်ကြကြောင်း သိရသည်။

ထို့အပြင် ကသာမြို့နယ်တွင် မြို့နယ်အဆင့်ဆင့်ပွား သင်တန်းကိုလည်း ယခုသင်တန်းတက်နေသော ခရိုင်နှင့် မြို့နယ်ပညာရေးမှူးရုံးတို့မှ နည်းပြများက ပြန်လည်ဆင့်ပွားပို့ချ သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခရိုင်(ပြန်/ဆက်)