ဘားအံ ဧပြီ ၂၂
ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကရင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ ကြီးမှူးကျင်းပသည့် “သုတရတနာ ဆည်းပူးဖွေရှာ စာဖတ်ပါ” အစီအစဉ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး ဉာဏ်စမ်းရေးဖြေပြိုင်ပွဲနှင့် Kahoot Quiz Game ပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး ဉာဏ်စမ်းရေးဖြေနှင့် Kahoot Quiz Game ပြိုင်ပွဲတွင် ကရင် ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းအဖွဲ့ဝင်ဖြစ်သည့် ဦးသန်းအောင်(မောင်လူဝိုင်း)က ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် စာရေးဆရာ ဟိန်းလတ်နှင့် ဦးဘုန်းဓာတု ရေးသားသည့် ကမ္ဘာ့လူကျော်ကြီးများ စာအုပ်နှင့် လောကဓံ ဘောလုံး လေးစာအုပ်ပါ အကြောင်း အရာများကို ကျောင်းသား/သူများ၏ မှတ်သားနိုင်သည့် စွမ်းရည်(Book Review) ရေးဖြေ ပြိုင်ပွဲနှင့် Kahoot Quiz Game ဉာဏ်စမ်းပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ရာ ဘားအံမြို့နယ်၊ တောင်တန်း သာသနာပြု ပရဟိတကျောင်းမှ ကျောင်းသား(၂၀) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)