တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကိုယ်ကာယကျန်းမာကြံ့ခိုင်ရေး အားကစားများပြုလုပ်

တံတား မေ ၃

 ရန်ကုန်တိုင်းဒေသကြီး၊  တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား/ကျောင်းသူများ ကိုယ်ကာယကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားများကို ယနေ့နံနက်(၇)နာရီ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ အားကစားများပြုလုပ်ဆောင်ရွက်ပေးရခြင်းမှာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် အားလပ်ချိန် များကို အကျိူးရှိစွာ အသုံးပြုတတ်စေရန်၊ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်စေရန်၊ အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ပိုမိုမြင့်မားလာစေရန်၊ စာကြည့်တိုက်သို့ လာရောက်ရခြင်းကို ပျော်မွေ့တတ်စေရန်၊ စာပေဗဟုသုတ များ လေ့လာဖတ်ရှုနိုင်စေရန် ရည်ရွယ်၍‌ ဆောင်ရွက်ရခြင်းဖြစ်ပြီး လာရောက်၍ အားကစား ပြုလုပ်ကြသော ကျောင်းသား/ ကျောင်းသူလေးများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဖြူလွင်က နံနက်စာမုန့်များဖြင့် ကျွေးမွေးဧည့်ခံကာ စာကြည့်တိုက်ကို လွတ်လပ်ပျော်ရွှင်စွာ အသုံးပြုစေခဲ့ကြောင်း သိရသည်။

မိုးဖြူလွင်