နယ်ရုံးများ၏သတင်းများ

May 03,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ယနေ့ နံနက် ၅ နာရီခန့်က ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် နွယ်ချို (၂) ရပ်ကွက်နှင့် ကြုံးကြုံးကြကျေးရွာအုပ်စုရှိ လူနေအိမ် တစ်ချို့ အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
May 03,2022
မ​န္တလေးတိုင်း​ဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊​ စဉ့်ကူးမြို့သို့ ရောက်ရှိလာသော နေရပ်စွန့်ခွာပြည်သူ များအား စဉ့်ကူးမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ သီရိရတနာခန်းမ၊ မိုးကုတ်ဝိပဿနာရိပ်သာနှင့် မြစေတီဓမ္မာရုံတို့တွင် ယနေ့နံနက်ပိုင်းက စဉ့်ကူးမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ထောက်ပံ့ ပစ္စည်းများ ပေးအပ်ခဲ့သည်။
May 03,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် အစိုးရပါဠိပထမပြန် စာမေးပွဲ၊ စူဠဘွဲ့နှင်းသဘင် ကျင်းပ နိုင်ရေး မြို့နယ်သံဃနာယကအဖွဲ့နှင့် သာသနာရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် (၉)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ ကြောင်း သိရသည်။
May 03,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ယနေ့ နံနက် ၅ နာရီအချိန်ခန့်က မိုးလေပြင်း တိုက်ခတ်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ် (၃) လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
May 03,2022
ကရင်ပြည်နယ်၊  ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင်   ကိုဗစ်-၁၉ရောဂါ    ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါပိုးကူးစက်ပြန့် ပွားမှုကို လျှော့နည်းစေရန် ရည်ရွယ်၍  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့် ထိုးနှံပေးလျက်ရှိရာ ပိုင်ကျုံမြို့အမှတ်(၄)ရပ်ကွက်၌ ဒုတိယအကြိမ်  ကာကွယ်ဆေးထိုးနှံရမည့် ပြည်သူ (၄၄)ဦး အားယနေ့နံနက်ပိုင်းက ကွင်းဆင်းထိုးနှံ‌ ပေးခဲ့ကြောင်း သိရသည်။
May 03,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်(၁၀)နာရီက ၂၀၂၂-၂၀၂၃ ခုနှစ်ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ခြင်း အခမ်းအနာပြုလုပ်ခဲ့ကြောင်းသိရသည်။
May 03,2022
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ရုံးဝန်ထမ်းများ ကွန်ပျူတာဖြင့်ရုံးလုပ်ငန်းများ ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်စေရန်အတွက် ကွန်ပျူတာ အခြေခံသင်တန်းကို ယနေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။
May 03,2022
ကရင်ပြည်နယ်၊ ​ကော့ကရိတ်ခရိုင်နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့သည် ၂၀၂၂ခုနှစ်​ မေလ(၅)ရက်​နေ့တွင်ကျ​ရောက်မည့် (၇၆)နှစ်​မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့​နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်တပ်ဖွဲ့ဝင်များသည် ကော့ကရိတ်ခရိုင်ပြည်သူ့​ဆေးရုံ ကြီးဝင်းအတွင်းတွင် စု​ပေါင်းသန့်ရှင်း​​ရေးပြုလုပ်ခြင်းကို ယ​နေ့နံနက်(၉)နာရီ အချိန်က​ပြုလုပ်ခဲ့​ကြောင်းသိရသည်။