ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနမ့်ဆန်မြို့နယ်၌စံညီစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေး ကျေးရွာအရောက်ကွင်းဆင်းဆောင်ရွက်

နမ့်ဆန် မေ ၃  

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများသည် ယမန်နေ့ နေ့လည်ပိုင်းက နမ့်ဆန်မြို့နယ် ကျေးရွာအတွင်းရှိ စံညီစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ဇယန်းကြီးကျေးရွာ ဇယန်းစာကြည့်တိုက်၊ ငွန်ဆိုင်းကျေးရွာ ပညာဘဏ်စာကြည့်တိုက်၊ ဇယ်တုန်ဟုန်းကျေးရွာ ပညာအလင်းစာကြည့်တိုက်၊ တောင်မကျေးရွာ အလင်းသစ် စာကြည့်တိုက်၊ ဘုရားကြီးကျေးရွာ မြန်မာ့အလင်း စာကြည့်တိုက်၊ စာကြည့်တိုက်အဖွဲ့ဝင် ကော်မတီများနှင့်တွေ့ဆုံ၍ စံညီစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စာဖတ်ရှိန် မြင့်တက်စေရေးအတွက် ဆွေးနွေးပြောကြားခဲ့ပြီး စာကြည့်တိုက်အဖွဲ့ဝင်များက မိမိတို့ စာကြည့်တိုက်တွင် လိုအပ်သည့် စာအုပ်စာစောင်များရရှိရေးကို ဆွေးနွေးတင်ပြခြင်း၊ ကျေးရွာရှိ ကျောင်းသား/ကျောင်းသူများ စာကြည့်တိုက်ကို ရင်းနှီးကျွမ်းဝင်စေရန်အတွက် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်စေလိုကြောင်း ဆွေးနွေးတင်ပြရာ ဦးစီးအရာရှိက ပြိုင်ပွဲများကို ပြုလုပ်၍ နမ့်ဆန်မြို့နယ်အတွင်းရှိ စံညီစာကြည့်တိုက်များအား ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 နမ့်ဆန်ဒေသ(ပြန်/ဆက်)