ရှမ်းရွာသစ် မေ ၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုကို လျော့နည်းစေရန်ရည်ရွယ်၍ အသက်(၁၅)နှစ်မှ (၁၈)နှစ် ထက်ဒေသ နေပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့ နံနက်(၉)နာရီအချိန် က ကွီးလေးကျေးရွာရှိ ကာကွယ်ဆေးထိုးစုရပ်နေရာတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးနိုင်ဝင်းအောင်မှ ကြီးကြပ်ဆောင် ရွက်လျက်ရှိရာ ကျန်းမာရေးဝန်ထမ်းများ၊ ကျေးရွာအုပ်စု တာဝန်ရှိသူများက ကာကွယ်ဆေးထိုးရန် လာ ရောက်သည့် ပြည်သူများအား စာရင်းရေးသွင်းပေးခြင်းနှင့် မှတ်တမ်းကောက်ယူခြင်းတို့ကို ပူးပေါင်းဆောင် ရွက်ပေးခဲ့သည်။
ထို့နောက် အသက်(၁၅)နှစ်မှ(၁၈)နှစ်ထိ တစ်ကြိမ်တစ်ခါမျှ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံ ဆောင်ရွက်ခြင်းမရှိသူများအား ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း၊ အသက်(၁၈)နှစ်အထက် ပထမကြိမ်ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရာနှုန်းပြည့် ကာကွယ်ဆေး ထိုးနှံလုပ်ငန်း ပြည့်မီရေးအတွက် ကျေးရွာအုပ်စုများသို့ ကွင်းဆင်း၍ ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
ဇင်လေး(ပြန်/ဆက်)