သဲကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

သဲကုန်း မေ ၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်း မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကို အ.ထ.က သဲကုန်း၊ သာဓုခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သဲကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးက အဖွင့်အမှာစကားပြောကြားပြီး၊ သဲကုန်းမြို့နယ် ပညာရေးမှူး ဦးဌေးဝင်းက  စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို သဲကုန်းမြို့နယ်ပညာရေးမှူး ဦးဌေးဝင်း၊ အ.ထ.က သဲကုန်းကျောင်းအုပ်ကြီး ဦးအောင်ကျော်မြင့်၊ အ.ထ.က အင်းမ ကျောင်းအုပ်ကြီး ဒေါ်စမ်းမာလာ၊ အ.ထ.က တပ်နယ် ကျောင်းအုပ်ကြီး ဒေါ်တင်တင်ဝင်းနှင့် အ.ထ.က ဝက်ပုတ် ကျောင်းအုပ်ကြီး ဒေါ်ဇင်ဝင်းမော်တို့က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ် ဆရာ၊ ဆရာမ (၁၉၅) ဦးအား စီမံခန့်ခွဲမှုဆိုင်ရာ၊ ဘဏ္ဍာရေးဆိုင်ရာ၊ ပညာရေး ဆိုင်ရာဘာသာရပ်များ လေ့လာတည်းဖြတ် အကဲဖြတ်ခြင်း၏ အရေးပါမှုနှင့် တတ်မြောက်မှုစစ်ဆေးခြင်း၊ ကျောင်းသုံးပြဌာန်း စာအုပ်များနှင့် သင်ထောက်ကူပစ္စည်းများ စသည့်ဘာသာရပ်များကို (၅.၅.၂၀၂၂) ရက်မှ (၆.၅.၂၀၂၂) ရက်နေ့ထိ (၂) ရက်တာ ဆွေးနွေးသင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်၊ပြန်/ဆက်