လက်ပံတန်းမြို့နယ် Community Centre ခန်းမ၌ ဆရာလူထုစိန်ဝင်း၏ စဉ်းစာတတ်အောင် ပညာသင်ပါ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

လက်ပံတန်း မေ ၅

လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ စာပေချစ်သူများ အသင်း Book Club အဖွဲ့ဝင် များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်း က ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ လက်ပံတန်းမြို့နယ် စာပေချစ်သူများအသင်း (Book Club) ဥက္ကဋ္ဌ ဦးမြင့်သိန်း၊ စာရေးဆရာ ​မြင့်သိန်း (ရွှေတောင်-ချည်/ထည်/ချော) က အဖွင့်အမှာစကားပြောကြားပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာသော ကျောင်းသား / ကျောင်းသူများအား မှတ်စုစာအုပ်နှင့် ဘောလ်ပင်များ လက်ဆောင်ဝေငှ ပေးအပ်ခဲ့သည်။ ဆက်လက်၍  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် Book Club အဖွဲ့ဝင်များနှင့် ကျောင်းသား / ကျောင်းသူများက ဆရာလူထုစိန်ဝင်း၏ “ စဉ်းစားတတ်အောင် ပညာသင်ပါ ” စာအုပ်ပါ စာတမ်းခေါင်းစဉ်အလိုက် တစ်ဦးချင်းဖတ်ကြားဆွေးနွေးခဲ့ကြောင်းနှင့် အဆိုပါ စာဖတ်ဝိုင်းကို လစဉ်ပထမပတ် ဗုဒ္ဓဟူး နေ့တိုင်းတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)