နတ်တလင်း မေ ၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၌ (၇၆) နှစ်မြောက်မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်မီးသတ် ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးကျော်ကျော်ဦးမှ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ်၏ မိန့်ခွန်းအား ဖတ်ကြား ပေးခဲ့သည်။
ထို့နောက် ခရိုင်အဆင့်ကျင့်ဝတ်ပထမ ဆုရတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ် တမ်းလွှာများ ပေးအပ်ခြင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ် ဘတ်ဂျက်အတွင်း ရရှိခဲ့သော အရန်မီးသတ် တူညီဝတ်စုံပေးအပ်ခြင်း၊ အရန်တပ်ဖွဲ့တွင် စေတနာ၊ ဝါသနာ၊ အနစ်နာခံတာဝန် ထမ်းဆောင်ခဲ့သော အရန် မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းများကို တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများမှ အသီးသီး ပေးအပ်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးမိုးအောင်ထံမှ သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)