စမ်ချောင်းမြို့နယ် လူထုအ​ခြေပြုဗဟိုဌာန Community Centre ၌ ကမ္ဘာ့ကြက်​ခြေနီ​နေ့ အထိမ်းအမှတ်​ Talk Show ကျင်းပ

စမ်းချောင်း မေ ၆

“ကြင်နာစိတ်ထား ကြက်​ခြေနီများ လူတိုင်းအ​ပေါ် ကူ​ညီသွား” ဆောင်ပုဒ်နှင့်အညီ ကမ္ဘာ့ကြက်​ခြေနီ​နေ့ ဖြစ်​ပေါ်လာပုံကို ပြည်သူများ သိရှိနိုင်​စေရန်ရည်ရွယ်၍ ယမန်​နေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန် အ​နောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ် လူထုအ​ခြေပြုဗဟိုဌာန Community Centre ၌ ကမ္ဘာ့ကြက်​ခြေနီ​နေ့ အထိမ်းအမှတ် (Talk Show) ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ Talk Show တွင် စမ်းချောင်းမြို့နယ်ဦးစီးမှူး​ဒေါ်ခင်ငြိမ်းချမ်းဝင်း ကTalk show ​ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း​ပြောကြားပြီး ကြက်​ခြေနီ​တပ်ဖွဲ့၏​ ဆောင်ရွက်မှုများကို ​အသိပညာဗဟုသုတ ရရှိ​စေရန်​မေးမြန်းခဲ့ရာ မြို့နယ်ကြက်​ခြေနီတပ်ဖွဲ့ တပ်ခွဲမှူး ဦး​နေမျိုးအောင်က ကြက်​ခြေနီအဖွဲ့၏ ကူညီ​ဆောင်ရွက်​နေမှု လုပ်ငန်းများ၊ ကြက်​ခြေနီ​နေ့ ကျင်းပပြုလုပ်ရခြင်း   အ​​ကြောင်းအရာများ၊ ကြက်​ခြေနီတပ်ဖွဲ့နှင့် ပြည်သူများပူး​ပေါင်း​ဆောင်ရွက်​စေလိုသည့် အ​ကြောင်းအရာများကို ပြန်လည်​ဆွေး​နွေး​ ပြောကြားခဲ့​ကြောင်း သတင်းရသည်။

ခင်ငြိမ်းချမ်းဝင်း