နယ်ရုံးများ၏သတင်းများ

May 06,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသော သာသနာ့နွယ်ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း အဖွဲ့များနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပိုထပ်ဆောင်း (Booster Does) ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၈ နာရီက အမှတ် (၄) ရပ်ကွက်၊ မြို့နယ်ခန်းမ၌ ဒုတိယနေ့ ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
May 06,2022
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာရှိ မေတ္တာစေတနာရှင် လူမှုကူညီ ရေးအသင်းအား အသင်းလိုအပ်ပစ္စည်းများ လှူဒါန်းခြင်းကို ယနေ့နံနက် ၉နာရီက အဆိုပါ အသင်းရုံး၌ ကျင်းပခဲ့သည်။
May 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သုံးခွမြို့နယ် လက်ပန်စံပြကျေးရွာတွင် ကိုရီးယားနိုင်ငံ koica အဖွဲ့၏ ကူညီ ထောက်ပံ့မှုဖြင့် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း (မြန်မာဆယ်မာအူးလ်အွန်ဒုန်) စီမံကိန်းလုပ်ငန်းကို အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ပြီး စီမံကိန်းလွန်ကာလတွင်လည်း လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
May 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် တွံတေးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ များအား အခမ်းအနားမှူးသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန ( Community Centre) ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 06,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းမျာကို ယနေ့ နံနက်(၉)နာရီ အချိန်က မင်းတည်းကျေးရွာသို့ သွားရောက်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့်  မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့က တစ်ပတ်လျှင်(၄)ကြိမ် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
May 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (CommunityCentre) ခန်းမတွင် အလယ်တန်းအဆင့် ကျောင်းသား / ကျောင်းသူလေးများ၏ စာဖတ်စွမ်းရည် ပြိုင်ပွဲကို ယမန်နေ့ နံနက် (၁၀) နာရီ အချိန်က ပြုလုပ်ကျင်းပခဲ့သည်။
May 06,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များပြသခြင်းကိုယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် အများပြည်သူများ လေ့လာသိရှိနိုင်စေရန်အတွက် ပြသပေးထားခဲ့ကြသည်။
May 06,2022
တနင်္သာရီတိုင်းဒေသကြီး၊  ကော့သောင်းခရိုင်၊ ကရသူရိမြို့တွင်  ပြည်သူများကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၉ နာရီက မြို့ပေါ် ရပ်ကွက်များတွင် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။