နယ်ရုံးများ၏သတင်းများ

May 06,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ်၊ ဘာသာရပ်အသီးသီးတွင် အသစ်ခန့်အပ် ထားသော“နည်းပြ/ သရုပ်ပြ ဆရာ၊ ဆရာမများ၏ ကြိုဆိုပွဲအခမ်း အနား”ကို ယနေ့နံနက် ၉ နာရီ က ထားဝယ်တက္ကသိုလ်(ပင်မဆောင်) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သည်။
May 06,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် ပဲချက်ကျေးရွာ၊ နဘဲမြစ်ကျေးရွာ၊ ရေလည်ကျေးရွာနှင့် ကန်နားကျေးရွာတို့တွင် အမိုးလန်ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည့် လေဘေးသင့် ပြည်သူများအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီကမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
May 06,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်း မျိုးကွဲ "အိုမီခရွန်" ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများကို ဒေသနေ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေးနှိုးဆော်မှုလုပ်ငန်းကို နေ့စဉ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပြတ် နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
May 06,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ အိုမီ ခရွန် ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများကို ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသိပညာပေးနှိုးဆော်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက စဉ့်ကူးမြို့ အမှတ်(၂) ရပ်ကွက်တွင် အသိပညာ ပေးနှိုး‌ဆော် ဆောင်ရွက်ခဲ့သည်။
May 06,2022
ကော့သောင်းမြို့တွင်အစိုးရပါဋ္ဌိပထပြန်စာမေးပွဲ စာအောင်ဆုနှင်းသဘင် အခမ်းအနားကို    ယမန်နေ့  မွန်းလွဲ(၂)နာရီက ကော့သောင်းမြို့ ပြည်တော်အေးသာသနာ့ဗိမ္မာန်တော်တွင်   ကျင်းပပြုလုပ်သည်။
May 06,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် မဲသမူးကျေးရွာအုပ်စုရှိ လှိုင်းဘွဲ-ရှမ်းရွာသစ်ကတ္တရာလမ်းမှ ထီးတပလူးကျေးရွာချင်းဆက် မြေသားလမ်း(၂)မိုင် ဖောက်လုပ်ခြင်းလုပ်ငန်းကို ၂၀၂၁ခုနှစ်၊ နိုဝင ဘာလမှစ၍ ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
May 06,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်စာရေးများက ပူးပေါင်းပြီး ယမန်နေ့နံနက် ၉ နာရီက ကျိုက်ဒုံမြို့ အမှတ် ၃ ရပ်ကွက်၊ ချောင်းဝအပိုင်၌ ပြည်သူများအား ကိုဗစ်-၁၉ဗီဇပြောင်း မျိုးကွဲအိုမီခရွန် (omicron) ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
May 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ပြည်သူများအား ယာဉ်တိုက်မှုအန္တရာယ်မှ ကင်းရှင်းစေရေး၊ ယာဉ်စည်းကမ်းလမ်း စည်းကမ်းလိုက်နာ‌စေရေးအတွက် ယမန်နေ့ နံနက် (၁၀:၃၀) အချိန်က အမှတ် (၁၄) ရပ်ကွက်၊ သံသုမာလမ်း Max စက်သုံးဆီဆိုင်အနီး၊ အမှတ် (၄) ရပ်ကွက်၊ သုမင်္ဂလာလမ်း၊ နန္ဒဝန်ဈေး‌ရှေ့တို့တွင် ယာဉ်စစ်‌ဆေးခြင်း ဆောင်ရွက်လျက်ရှိ‌သည်။