စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Covishield) ထိုးနှံပြီး(၆)လပြည့်သူများကို (Booster Dose) များထိုးနှံပေး

စဉ့်ကိုင်   မေ ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများအတွင်း ကိုဗစ်-၁၉ရောဂါ လျော့နည်းကျဆင်းစေရေးနှင့်ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ယနေ့ နံနက်(၉ )နာရီကစဉ့်ကိုင် ပြည်သူ့ဆေးရုံ၌  (Covishield) ထိုးနှံပြီး(၆)လပြည့်သူများကို (Booster Dose)များ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ (Booster Dose )ကာကွယ်ဆေးများ ထိုးနှံပေးရာတွင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသိမ့်အိသူနှင့်ကျန်းမာရေး ၀န်ထမ်းများ၊ ပလိပ်တိုက်နယ်ဆေးရုံတွင် ဒေါက်တာသက် ကိုကိုလွင်(ရောဂါနှိမ်နှင်းရေး)တို့ကဦးဆောင်၍ ကျန်းမာရေး၀န်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ ပညာရေးဌာနမှ ၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၀င်များ၊ ပရဟိတ အသင်းအဖွဲ့၀င်များ၊  ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်အတွင်း  ကိုဗစ်-၁၉ ကူးစက်ရောဂါ  ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီU က္ကဋ္ဌ၏ကြီးကြပ်မှုဖြင့်  ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊  ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊  ပရဟိတအဖွဲ့၀င်များနှင့်ပူးပေါင်းပြီး Omicron အပါအဝင် ကိုဗစ်-၁၉  မျိုးရိုးဗီဇပြောင်း ရောဂါ ပိုးကို သတိပြုကာကွယ်ရန်နှင့် ကူးစက် ပြန့်ပွားမှု မဖြစ်စေရေး၊  ကြိုတင်ကာကွယ်  တားဆီးနိုင်စေရန်နှင့်    ရောဂါကူးစက်မှုလျော့နည်း စေရေးအတွက် ပြည်သူများသိရှိလိုက်နာစေရန်၊ အသံချဲ့စက် များ၊ Hand  Spaker များဖြင့်  လှည့်လည်ပြီး အသိပညာပေး နှိုးဆော်ခြင်း၊   ဒေသန္တာရ  စည်းကမ်းချက်များ၊   ကျန်းမာရေး၀န်ကြီးဌာနက    ထုတ်ပြန်ထားသော ညွှန်ကြားချက်များ  အတိုင်းလိုက်နာမှု ရှိ/ မရှိစစ်ဆေးခြင်း  အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး  မေလ(၄)ရက်နေ့ အထိ   First Dose   (၈၅၈၂၁)ဦး ၊    Second Dose   (၇၅၃၈၂)ဦး နှင့်Third Dose (Booster Dose) (၃၇၂၆)ဦး၊ ရာခိုင်နှုန်းအားဖြင့် (၁၀၁.၁၈%) အားထိုးနှံပေးပြီးဖြစ်ရာကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တစ်ကြိမ်မျှ ထိုးနှံခြင်း မရှိသေးသူများကိုလည်း မြို့နယ်ပြည်သူ့   ကျန်းမာရေးဦးစီးဌာနက  ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)