နယ်ရုံးများ၏သတင်းများ

May 06,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ မြိတ်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ကြမည့် နည်းပြ သရုပ်ပြ ဆရာ/ဆရာမအသစ်များအား ကြိုဆိုပွဲကို ယနေ့နံနက် ၁၀ နာရီက ဘွဲ့နှင်းသဘင် ခန်းမတွင် ကျင်းပခဲ့သည်။
May 06,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် ကလေး သူငယ်များနှင့် စာဖတ်ပရိသတ်များအတွက် စာအုပ်၊ စာပေနှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ Onlineမှတစ်ဆင့် အသိပညာပေးလုပ်ငန်းများကို လွှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ ပြည်သူများ၊ ကျောင်းသားလူငယ်များ၊ စာပေချစ်သူများအနေဖြင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့်အချိန်တွင် နေအိမ်မှတစ်ဆင့် Online အသုံးပြု၍ အလွယ်တကူ စာဖတ်နိုင်စေရေး၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရေးအတွက် ဝန်ထမ်းများနှင့် စာဖတ်ပရိတ်သတ်များမှ အလှည့်ကျအစီအစဉ်ဖြင့် နေ့စဉ် Online မှ အသိပညာပေး အစီအစဉ်များကို ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိသည်။
May 06,2022
 နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမ အသစ်များ ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ်၊ သီရိရတနာခန်းမတွင် ကျင်းပသည်။
May 06,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက နွေရာသီကျောင်းပိတ်ရက်တွင် အားလပ်နေသော မူလတန်းအဆင့် ကျောင်းသားကျောင်းသူများ နှုတ်၏စွမ်းရည်များ ပိုမိုတိုးတက်လာစေရန်၊ စာကြည့်တိုက်ကို အကျိုးရှိစွာ အသုံးပြုလာနိုင်စေရေးအတွက် ရည်ရွယ်ပြီး စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
May 06,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်တွင် ၂၀၂၂ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲကျင်းပပြုလုပ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက စာမေးပွဲ ကျင်းပပြုလုပ်မည့် စဉ့်ကူးမြို့နယ်သာသနာ့ဗိမာန်တွင် ဆောင်ရွက်ခဲ့သည်။
May 06,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ mobile  library   စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများဖြစ်သည့် စာဖတ်ပရိသတ်ထံသို့ စာအုပ်စာစောင်များ အခမဲ့‌ငှားရမ်းပေးခဲ့ကြောင်း သိရသည်။   
May 06,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား  ဆဋ္ဌမအသုတ်  ဒုတိယအကြိမ်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က တောင်သာအ.ထ.ကကျောင်း  နဝရတ်ခန်းမနှင့် စုရပ်(၃)နေရာတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
May 06,2022
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဘေး အန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနတို့ပူးပေါင်း၍ ပြည်သူများ သိရှိစေရန်အတွက် ဘေးအန္တရာယ် ဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲ Talk Show ကျင်းပခြင်းကို ယနေ့ နံနက်(၁၀)နာရီခွဲက မြို့နယ်ရုံး (Community Centre) ခန်းမတွင်ကျင်းပ ပြုလုပ်ခဲ့သည်။ဩ