ကျောက်တံတားမြို့နယ်တွင် စာအုပ်စာစောင်များ လှူဒါန်းပွဲ ကျင်းပ

ကျောက်တံတား မေ ၆

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ဦးစီးဌာန၊ ပညာ့အလင်းခေတ်မီ စာကြည့်တိုက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းထားသော စာအုပ် / စာစောင်များကို သက်ဆိုင်ရာ ရပ်ကွက် စာကြည့်တိုက်များသို့ ပြန်လည်ပေးအပ် လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပ ပြုလုပ် ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စာကြည့်တိုက်ကြီးကြပ်ရေး ကော်မတီဝင်၊ အတွင်းရေးမှူး ဒေါ်ရွှေဇင်ခိုင်က ကျေးရွာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူ ဖြစ်စေရန်ရည်ရွယ်၍ လှူဒါန်းကြောင်းပြောကြားပြီး အမှတ် (၅) ရပ်ကွက်၊ သုတရိပ်သာ စာကြည့်တိုက်မှူး ဦးကြိုင်က မိမိတို့စာကြည့်တိုက်တွင် သုတရသစာပေများကို လူကြီးလူငယ်မရွေး လာ‌ရောက်ဖတ်ရှုနိုင်ကြောင်း၊ ယခုလိုစာအုပ်များ လက်ခံရရှိ‌သည့်အတွက် အထူးပင် ကျေးဇူးတင် ရှိကြောင်း ပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ မြို့နယ် စာကြည့်တိုက်အဖွဲ့ဝင်များ၊ ရပ်ကွက်စာကြည့်တိုက်မှူးများ တက်ရောက်ခဲ့ကြောင်း သတင်း ရသည်။

ရွှေဇင်ခိုင် (ပြန်/ဆက်)