ပုသိမ်ကြီးမြို့နယ် မေတ္တာစေတနာရှင် လူမှုကူညီရေးအသင်းသို့ လိုအပ်ပစ္စည်းများလှူဒါန်း

ပုသိမ်ကြီး မေ ၆

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာရှိ မေတ္တာစေတနာရှင် လူမှုကူညီ ရေးအသင်းအား အသင်းလိုအပ်ပစ္စည်းများ လှူဒါန်းခြင်းကို ယနေ့နံနက် ၉နာရီက အဆိုပါ အသင်းရုံး၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မေတ္တာစေရှင်လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးမျိုးဝင်းနိုင်က အသင်းအတွက် လိုအပ်လျက်ရှိသော ပစ္စည်းများဖြစ်သည့် လူနာစင်(၂)ထပ်၊ RM 3500 မီးစက်(၁)လုံး၊ ဘေးအန္တရာယ် သုံးအင်္ကျီများ လှူဒါန်းပေးသည့် ပုသိမ်ကြီးမြို့ သုခမင်္ဂလာ(၂)ရပ်ကွက်နေ ကွယ်လွန်သူ ဒေါ်ခင်တုတ်အား ရည်စူး၍ ခင်ပွန်း ဦးစိန်မောင်နှင့် သား/သမီးမြေးတစ်စုတို့အား ကျေးဇူးတင်ကြောင်း ပြောကြားပြီး၊ လှူဒါန်းပစ္စည်းများအား အသင်းဥက္ကဋ္ဌ ဦးမျိုးဝင်းနိုင်၊ အတွင်းရေးမှူး ဦးသောင်းလွင်နှင့် အဖွဲ့ဝင်များက လက်ခံရယူခဲ့ကြပြီး၊ အသင်းဥက္ကဋ္ဌမှ ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ခဲ့သည်။ စုစုပေါင်း လှူဒါန်းပစ္စည်းများ၏ တန်ဖိုးမှာ (၁၄)သိန်းကျပ် ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)