နယ်ရုံးများ၏သတင်းများ

May 06,2022
ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်(Book Club) စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့
May 06,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် (Youth Club)တို့ ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ယနေ့ နံနက်ပိုင်းက ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
May 06,2022
‌ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ရပ်ကွက်/ ကျေးရွာစာကြည့်တိုက်များအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းထားသော စာအုပ်/စာစောင်များကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များသို့ ပြန်လည် ပေးပ် လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
May 06,2022
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ ကလေးသူငယ်များ ဉာဏ်ရည်ဉာဏ်သွေး ထက်မြတ်တိုးတက်စေရန်အတွက် စာကြည့်တိုက်အသင်း၀င်များအား ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်ခန့်က ကျင်းပခဲ့သည်။
May 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်းရှိ လူငယ်လူရွယ်လေးများအနေဖြင့် နွေရာသီအားလပ်ချိန်တွင် စာပေ ဖတ်ရှုခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာ‌ပေဖတ်ရှုရာမှတစ်ဆင့် အသိပညာ ဗဟုသုများ တိုးပွားလာစေရန်နှင့် စာပေဖတ်ရှုရာမှတစ်ဆင့် အမှား/အမှန်ကို ဝေဖန်ပိုင်းခြားနိုင်စေရန်အတွက် ရည်ရွယ်၍ ယနေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန် အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပ ပြုလုပ်ခဲ့သည်။
May 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် စာပေချစ်သူများ စာအုပ်စာပေများကို ချစ်မြတ်နိုးတတ်စေပြီး စာပေလေ့လာဖတ်ရူ့သည့် အလေ့အကျင့် ကောင်းများရရှိစေရန်၊ အချင်းချင်းစာပေနှီးနှော ဖလှယ်တက်စေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က စာရေးဆရာ နန္ဒာသိန်းဇံပါ စာရေးဆရာ (၅) ဦးအောင်သင်းရေးသားသည့် “ လူငယ်များသို့မင်္ဂလာပါ ” စာအုပ်အား စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့သည်။
May 06,2022
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ၏လမ်းညွှန်မှုဖြင့် ပေါက်ခေါင်းမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်  မြင့်မားရေးအတွက် နည်းပညာပေး‌ ဆွေးနွေးပွဲများကို ကျေးရွာအရောက်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦး‌ဇော်ဇော်ဦးနှင့်ဌာနဆိုင်ရာများက ကြိုးကြာကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ် နိုင်​ရေး၊ မျိူးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါများ မပြန့်ပွားစေရန်အတွက် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ရပ်ကွက်များအတွင်း လှည့်လည်ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် ၉နာရီက ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။