မိုင်းယု မေ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များပြသခြင်းကိုယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် အများပြည်သူများ လေ့လာသိရှိနိုင်စေရန်အတွက် ပြသပေးထားခဲ့ကြသည်။
အဆိုပါ နံရံကပ်စာစောင်တွင် မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ အကြောင်းအရင်းများ၊ ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာလက္ခဏာများ၊ တားဆီးကာကွယ်နိုင်သည့် နည်းလမ်းတို့ဖြစ်ပြီး လူကုန်ကူးမှုဆိုင်ရာ ပြဘုတ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေများ၊ ဆက်သွယ်အကူအညီ တောင်းခံနိုင်မည့် အရေးပေါ်ဖုန်းနံပါတ်များ၊ လူကုန်ကူးမှုဖြစ်ပေါ်စေနိုင်မည့် အကြောင်းအရာများနှင့် သရုပ်ဖော်ပညာပေးကာတွန်းများစသည့်တို့ကို လမ်းသွားလမ်းလာပြည်သူများနှင့် စာငှားဧည့်သည်များ လေ့လာဖတ်ရှု့စေရန်အတွက် ပညာပေးပြသထားခြင်းဖြစ်ကြောင်း သိရသည်။
ကိုကိုနိုင်