လဲချားမြို့နယ်တွင် “သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေအကြောင်း အသိပညာပေး” (Talk Show)ကျင်းပ

လဲချား မေ ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေအကြောင်း အသိပညာပေး (Talk Show)ကို ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အသိပညာပေး(Talk Show) အစီအစဉ်တွင် လဲချားမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမျိုးမှ သက်ကြီးရွယ်အိုဆိုင်ရာ ဥပဒေအကြောင်း၊ သက်ကြီးရွယ်အိုနှင့် အိုမင်းမစွမ်းသူ ခွဲခြားသတ်မှတ်ထားမှု၊သက်ကြီးရွယ်အိုများ အတွက်ဥပဒေ၊ သက်ကြီးရွယ်အို နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ ဖွင့်လှစ်ထားရှိမှု၊ လူမှုရေးပင်စင် ထောက်ပံ့ပေးမှု စသည့်အကြောင်းအရာများကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းမြင့်မြင့်ဆွေတို့မှ အပြန်အလှန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

လွှမ်းသူနောင်  (လဲချား)