နမ့်စန်(တ) မေ ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် မြို့နယ် စာပေဝါသနာရှင်များအသင်း (Book Club) ၏ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre )တွင် ယနေ့နေ့လည် ၂ နာရီ ကဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဥမ္မာအောင်က စာဖတ်ဝိုင်းများ လစဉ်ပုံမှန် ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များနှင့် မြို့နယ် Book Club အနေဖြင့် စာဖတ်ဝိုင်းနှင့် စာအုပ်မိတ်ဆက်အစီအစဉ်များကို ပုံမှန်ဆောင်ရွက်သွားရေးတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စာပေ ဝါသနာရှင်များအသင်း (Book Club) အဖွဲ့ဝင်များက ပြန်လည်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသူများက စာရေးဆရာ ယဉ်ယဉ်နု(မန္တလေး)၏ စည်းအပြင်ကလူ နှင့်ဝတ္တုတိုများစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်းကို စာပေဝါသနာရှင် စာဖတ်သူများတိုးပွားလာစေရန်နှင့် စာဖတ်သူအချင်းချင်း ဗဟုသုတများ ဖလှယ်နိုင်စေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး စာဖတ်ဝိုင်းသို့ မြို့နယ်စာပေဝါသနာရှင်များအသင်း (Book Club) အဖွဲ့ဝင်များ ၊ စာပေ ဝါသနာရှင် စာရေးဆရာများနှင့် ပြန်/ဆက်ဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်