ရွှေပြည်သာ မေ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုများ ရရှိတိုးပွားစေရန် Online မှတဆင့် ပုံပြင်များ၊ ကဗျာများ၊ စာအုပ်မိတ်ဆက်ခြင်းများ၊ အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ရိုက်ကူးတင် ဆက်ပေးလျက်ရှိရာ ယနေ့ မွန်းလွဲ (၁) နာရီအချိန်တွင် လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အသိပညာပေးဆွေးနွေးပွဲတွင် ရွှေပြည်သာမြို့နယ် ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်အေးအေးမိုးက ကလေးအလုပ်သမားအဓိပ္ပယ်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ ကိုဗစ်-၁၉ ကာလကလေးအလုပ်သမားများနှင့် ကျောင်းပညာရေးတို့ကို ဆွေးနွေးခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်ဇင်မာမြင့်က ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်များ၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် (၃) ရပ်ဖြစ်သော (၁) မြန်မာနိုင်ငံတွင် ကလေးများအား ကလေးအလုပ်သမားအဖြစ်ခိုင်းစေမှု၊ အထူးသဖြင့် အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေမှုများ အားလျော့နည်းပပျောက်စေရန်နှင့် တားဆီးကာကွယ်ရန် (၂) ဥပဒေအရတရားဝင် အလုပ်လုပ်ကိုင်ခွင့်ရှိသည့် ကလေးအလုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာအကာအကွယ်ပေးရန် (၃) အန္တရာယ်ရှိသော အလုပ်နှင့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရသည့် ကလေးအလုပ်သမားများအား ဖယ်ရှားပြီးသင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေးနှင့် သက်မွေးပညာကျောင်းများတက် ရောက်နိုင်ရေးစီမံဆောင်ရွက်ပေးရန်တို့အား အသိပညာပေးဆွေးနွေး ခဲ့ကြောင်းသိသည်။
နေမျိုးထွန်း(ရွှေပြည်သာ)