မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ကျောက်ဆည်မြို့နယ်အတွင်းရှိ အခြေခံပညာရေး ကျောင်းများမှ ဆရာ/ဆရာမများနှင့်တွေ့ဆုံပြီး  ဗုဒ္ဓဝင်စာမေးပွဲ အောင်မြင်သူများအားဆုချီးမြှင့်

ကျောက်ဆည် မေ

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကိုသည် ကျောက်ဆည်မြို့နယ်အတွင်းရှိ အခြေခံပညာရေးကျောင်းများမှ ဆရာ/ဆရာမများနှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သုံးထပ်ဆောင်အစည်းအဝေးခန်းမတွင် မွန်းလွဲ(၁)နာရီကတွေ့ဆုံခဲ့ပြီး ကျောက်ဆည်မြို့ မဟာဂန္ဓာရုံစာသင်တိုက်တွင် (၇၂)ကြိမ်မြောက် (၃၈)ဖြာမင်္ဂလာတရာတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲအောင်မြင်သူများအား ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကိုနှင့် တာဝန်ရှိ သူများသည့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သုံးထပ်ဆောင်အစည်းအဝေးခန်းမတွင် အခြေခံပညာရေးကျောင်းများမှ ဆရာ/ဆရာမများနှင့်တွေ့ဆုံပြီး  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်တွင်ပါသော တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရေမြှင့်မားရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တွေ့ဆုံရခြင်းဖြစ်ကြောင်းနှင့် ခြေခံပညာကျောင်းများတွင် လိုအပ်လျက်ရှိနေသည့်ကဏ္ဍများကိုစိစစ်ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရခွင့်ပြုငွေများဖြစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောက်ဆည်မြို့ မဟာဂန္ဓာရုံစာသင်တိုက်တွင် ကျင်းပပြုလုပ်သည့် (၇၂)ကြိမ်မြောက် (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲသို့ တက်ရောက်ခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ငွေတွင်းတူးကျောင်း ဆရာတော်ကြီးထံမှ ငါးပါး သီလခံယူ ဆောက်တည်ခဲ့ပြီး သာသနာရေးဆိုင်ရာများကို လျှောက်ထားကာ မန္တလေးတိုင်းဒေသကြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီးအား အလှူငွေ (၁၀၀၀၀၀)ကျပ်၊ စာအောင်သာမဏ(၆၃)ပါးအား သင်္ကန်းဒိစုံ(၆၃)စုံ၊ စာအောင်သီလရှင်(၅၅)ပါးအား သီလရှင်ဝတ်စုံ (၅၅) စုံ၊ စာအောင်ကျောင်းသား/ကျောင်းသူ(၅၃၅)ဦးအား ကျောင်း ဝတ်စုံ(၅၃၅)စုံနှင့် လှူဒါန်းခဲ့ပြီး ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း  သိသည်။

သက်မောင်