သံတောင်ဒေသထွက်  ကနစိုးသီးများ  ခူးယူရောင်းချခြင်းဖြင့်  ဒေသခံများ  အပိုဝင်ငွေရရှိ

သံတောင်ကြီး   မေ  ၁၃

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့တွင် ယခုအချိန်ရာသီပေါ်သီးနှံတစ်ခုဖြစ်သော ကနစိုးသီးများ ခူးယူရောင်းချခြင်းဖြင့် ဒေသခံများ  မိသားစုအပိုဝင်ရရှိကြောင်း သိရသည်။ သံတောင်မြို့နေဒေသခံများသည် ဥယျာဉ်ခြံလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး ဥယျာဉ်ခြံထွက် သီးနှံများအနက် ကနစိုးသီးသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

အဆိုပါ ကနစိုးသီးပင်များသည် ဥယျာဉ်ခြံအတွင်း သဘာဝအတိုင်းပေါက်ရောက်လျက်ရှိပြီး ယခုအချိန်တွင် ရင့်မှည့်လာ၍ ခူးယူရောင်းချခြင်းဖြင့် ဒေသခံများ  အပိုဝင်ငွေရရှိကြသည်။ ကနစိုးသီးများကို တောင်ငူမြို့ရှိ အဝယ်ဒိုင်များထံတွင် သွားရောက်ရောင်းချရာ တစ်ပိဿာလျှင် ကျပ်(၅၀၀)ရရှိကြောင်း၊ တန်ဖိုးနည်းသော်လည်း ပိဿာချိန်များလျှင်များသည့်အတိုင်း ဝင်ငွေရရှိ၍ မိသားစုအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရှရှိကြောင်း ဒေသခံတစ်ဦး၏ ‌ပြောပြချက်အရ သိရသည်။ 

နီလာအေး (သံတောင်ကြီး)